Home
ရုပျသံ
မြင့်မြတ်ရဲ့ ‘ဂျင်းကောင်’ ဟာသရုပ်ရှင်နမူနာ (ရုပ်သံ)
DVB
·
February 6, 2019
myint myat
ပေါ့ပေါ့ပါးပါး မြန်မာဟာသရုပ်ရှင် ပရိသတ်အကြိုက် ဂျင်းကောင် ရုပ်ရှင်ကားကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာဗင်ဒါရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျင်းကောင်လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သရုပ်ဆောင်မင်းသား မြင့်မြတ် ကို ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူ့ရဲ့ ထုံးစံအတိုင်း ဘယ်လိုအလွဲ အချော်တွေ၊ ဟာသဆန်ဆန် ရိုက်ချက်တွေနဲ့ သရုပ်ဆောင်ထားမလဲဆိုတာတွေကို ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ မြင့်မြတ်နဲ့အတူ ၀ါရင့်သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ စိုးမြတ် သူဇာ၊ခိုင်သင်းကြည်၊ အိချောပို၊ အေးဝတ်ရည်သောင်းတို့က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေလည်း အများကြီး အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013