Home
မြန်မာသတင်း
မော်တော်ယာဉ် လုပ်ငန်းလိုင်စင်လျှောက်ရာတွင် ကြိုးနီစနစ် ပိုများလာနေ
DVB
·
January 24, 2019
byc
မြန်မာပြည်တွင်း မော်တော်ယာဉ်တွေ လုပ်ငန်းလိုင်စင်လျှောက်တဲ့အခါ လုပ်ဆောင်ရတဲ့ အဆင့်တွေ အရင်ကထက်ပိုများနေတယ်လို့ ဝါးတန်းလုပ်ငန်းလိုင်စင်နဲ့  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှာ လုပ်ငန်းလိုင်စင်သွားလုပ်တဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ အခုနှစ်ကစပြီး မော်တော်ယာဉ်တွေ လုပ်ငန်းလိုင်စင်လျှောက်တဲ့အခါ ယာဉ်ပိုင်ရှင်အနေနဲ့ ရဲစခန်းထောက်ခံစာ၊ လျှောက်ထားသူရဲ့ဓာတ်ပုံ ၂ ပုံနဲ့ ယာဉ်ရဲ့ဓာတ်ပုံတွေကို ပြင်ဆင်ယူ ဆောင်ခိုင်းခဲ့တာကြောင့် ပွဲစားတွေနဲ့ လျှောက်ထားမှု ပိုများလာတယ်လို့ လည်း ယာဉ်ပိုင်ရှင် တဦးက ပြောပါတယ်။ ရန်ကုန်အမည်ပေါက် အငှားယာဉ်တွေ၊ ကုန်တင်ကားတွေအတွက် (က)လိုင်စင်၊ (ခ)လိုင်စင်၊ (ဂ)လိုင်စင်၊ (ဃ)လိုင်စင်၊ (င)လိုင်စင်နဲ့ (စ)လုံးလိုင်စင်တွေအတွက် ၀ါးတန်း၊ မြောက်ဥက္ကလာစတဲ့ လုပ်ငန်းလိုင်စင်နဲ့  သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနတွေမှာ ဇန်န၀ါရီ ၂ ရက်နေ့က စပြီး ပုံစံအသစ်နဲ့ လုပ်ဆောင်ပေးနေတာပါ။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အရင်က မနက် ၉ နာရီကနေ ညနေ ၂ နာရီအထိ လုပ်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ နေ့လယ် ၁၂ နာရီအထိပဲ ကောင်တာကနေ လက်ခံတာကြောင့် လူဦးရေ ရာနဲ့ချီပြီးစောင့်ဆိုင်းနေရပါတယ်။ ဒါ့အပြင် အစိုးရဆီမှာ အာမခံလျှောက်ထားရသလို ပြင်ပအာမခံကုမ္ပဏီတွေမှာ အာမခံ ထားတဲ့ စာရွက်စာတမ်းရှိမှ လုပ်ငန်းလိုင်စင်ထုတ်ပေးနေတဲ့အပေါ် One Stop Service ပုံစံနဲ့ ဖြစ်အောင်လုပ်ပေးဖို့လည်း  ယာဉ်ပိုင်ရှင်တချို့က တိုက်တွန်းပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013