Homeမြန်မာသတင်း
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မထိခိုက်နိုင်ဟုဆို
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မထိခိုက်နိုင်ဟုဆို
ကျော်ဇေဝင်း
·
January 17, 2019
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် မထိခိုက်နိုင်ဘူးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့အတွက် ရခိုင်ပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုပြပွဲကို လာမယ့် ဖေဖော်ဝါရီလမှာ ပြုလုပ်ဖို့ရှိပြီး ဒီပြပွဲကို ရခိုင်ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းပြုလုပ်သွားမယ်လို့ ကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပုစွန်မွေးမြူရေးကဏ္ဍ တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက စိတ်ဝင်စားမှုပိုများတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ဖွဲ့စည်းထားပါတယ်။
လတ်တလော ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆုထူးစံကုမ္ပဏီ၊ ဦးစိုးခန့်နဲ့ မိသားစုကုမ္ပဏီနဲ့ ရွှေလျှံဖြိုးကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ဖို့ အတည်ပြုပေးထားပါတယ်။