Home
မြန်မာသတင်း
ဦးကိုနီအမှု ရုံးချိန်း အကြိမ် ၁၀၀ ပြည့်၊ တရားခံပြသက်သေ ၃ ဦးစစ်ဆေးရန်ကျန်နေသေး
အောင်သူ
·
January 11, 2019
ukn
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတဲ့အမှုမှာ တရားခံပြသက်သေ ၃ ယောက်သာ စစ်ဆေးဖို့ကျန်တော့တာကြောင့် ဒီလထဲမှာ အမှုပြီးပြတ်သွားနိုင်တယ်လို့ တရားလိုရှေ့နေ ကပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ ခုံရုံးဖွဲ့စစ်ဆေးနေတာ ဇန်နဝါရီလ ၁၁ရက်နေ့က အကြိမ် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ဇေယျာဖြိုးနဲ့ ပတ်သက်ပြီး တရားခံပြသက်သေ ၃ ဦးကိုစစ်ဆေးနိုင်ဖို့ ချိန်းဆိုထားပေမယ့် မလာတာကြောင့် ရုံးတော်က စစ်ဆေးနိုင်ခဲ့ခြင်း မရှိဘဲ တရားခံပြသက်သေ စာရင်းကနေ   ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒီအမှုမှာတရားလို သက်သေအယောက် ၈၀ကိုတင်ပြခဲ့ပြီး ၇၂ ကို စစ်ဆေးခဲ့ပြီးဖြစ်သလို စွဲချက်တင်ခံရသူတွေဘက်ကနေ တရားခံပြသက်သေ ၇၂ ယောက်ကို စစ်ဆေးနိုင်ဖို့တင်ပြထား ပြီး ထပ်မံစစ်ဆေးဖို့ တရားခံပြသက်သေ ၃ ဦးသာကျန်တော့တာကြောင့် ဒီလထဲမှာ အမှု ပြီးပြတ်သွားနိုင်တယ်လို့ တရားလို ရှေ့နေ ဦးခင်မောင်ဋ္ဌေးကပြောပါတယ်။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက အနီးကပ် သေနတ်နဲ့ ပစ်ပြီးလုပ်ကြံခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ခုံရုံးဖွဲ့ပြီး တပတ်ကို ၂ ကြိမ် ရုံးထုတ်စစ်ဆေးနေတာပါ။ ဒီအမှုမှာစွဲချက်တင်ခံထားရတဲ့  ဇေယျာဖြိုးကတော့ ဒီအမှုမှာ သူပါဝင်ပတ်သက် ခြင်းမရှိဘူးလို့ ရုံးထုတ်အပြန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီအမှုမှာ အဓိကတရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ဝင်းခိုင်ကိုလည်း  အခုချိန်ထိ မဖမ်းမိသေးပါဘူး။ ဒီအမှု တရားခွင်ဟာ ၂ နှစ်တာကာလကြာရှည်ခဲ့ပြီး တရားခံပြသက်သေ ၃ ဦး စစ်ဆေးပီးရင်တော့ နှစ်ဖက်ကြားနားပြီး အမှုကို စီရင်ချက်ချဖွယ်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013