Home
ရုပျသံ
မြင့်မြတ်၊ ကျော်ကျော်ဗို၊ အိချောပိုတို့ပါဝင်သည့် ‘ဟောက်စား’ ရုပ်ရှင် (နမူနာ)
DVB
·
January 8, 2019
48411337_2038992949725160_7604905437757964288_o
ပေါ့ပေါ့ပါးပါး မြန်မာအချစ် ဟာသရုပ်ရှင်ကားတကားဖြစ်တဲ့ ဟောက်စား ရုပ်ရှင်ကားကို လာ မယ့် ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီကားကိုတော့ Bo Bo ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ကာ နတ်စောင်းရဲ့ ဇာတ်လမ်းကို သက်ဦးမောင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။     ဒီကားကိုတော့ ကရင်ပြည်နယ်ရဲ့ ရှုခင်းအလှအပတွေနဲ့ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းခိုးမှုနဲ့ ထောင်ကျသွားတဲ့ ဂျိုကာတယောက် ထောင်ထဲမှာ မြင့်မြတ်နဲ့ ဆုံမိပြီး ဆရာတင်ခဲ့တယ်။ ထောင်က ထွက်လာချိန်မှာတော့ ဆရာနဲ့ပေါင်းပြီး လူတွေကို ဘယ်လို ဟောက်စားလုပ်ကြမလဲဆိုတာတွေကို ဒီကားထဲမှာဟာသဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားမြင့်မြတ်၊ ကျော်ကျော်ဗို၊ မင်းသမီးအိချောပိုတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်လှိုင်၊ ဂျိုကာ၊ K ညီ၊ တက္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင်တွေ အများကြီးက အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။     ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013