Home
မြန်မာသတင်း
အတိုင်ပင်ခံရုံး ဒုဝန်ကြီးနှင့်အဖွဲ့ ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့် ဘူးသီးတောင်ကို သွားမည်
စိုးမိုးအောင်
·
January 6, 2019
rak
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ဦးစီးတဲ့ အဖွဲ့ဟာ ဒီနေ့မနက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပြီး ရက္ခိုင့်တပ်မတော် (အေအေ) တိုက်ခိုက်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ ခုကို သွားရောက်မယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့မှာ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနဲ့ ဦးမျိုးမြင့်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးတို့ ပါဝင်သလို သတင်းမီဒီယာသမားတချို့လည်း လိုက်ပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၄ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ခထီးလှရဲကင်းစခန်းတွေကို ရက္ခိုင့်တပ်မတော်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့အကြား ရခိုင်ပြည်နယ်ထဲမှာပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင် ထွက်ပြေးခိုလှုံနေကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024