Home
မြန်မာသတင်း
အငြင်းပွားနေသည့် ကျောက်မျက်ရတနာဥပဒေ လွှတ်တော်အတည်ပြု
DVB
·
January 5, 2019
mine
၂ နှစ်ကျော်ကြာ အငြင်းပွားနေခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြီးပြတ်သွားပြီဖြစ်ပါတယ်။ နာမည်ဆိုးနှင့် ကျော်ကြားလျက်ရှိတဲ့ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး အကြီးစားကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ဖျက်သိမ်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချခြင်းနှင့် အခြေခံလူတန်းစားနဲ့ ဒေသခံများ ဖွံ့ဖြိုးစေခြင်းတို့အထိပါဝင်တဲ့ မြန်မာ့ ကျောက်မျက်ဥပဒေကို ဒီဇင်ဘာ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေသစ်မှာ စက်ယန္တယားအမြောက်အများနဲ့ တူးဖော်တဲ့ အကြီးစားထုတ်လုပ်ခွင့်တွေကို ပယ်ဖျက်ထားပြီး အခြေခံလူတန်းစားနဲ့ ဒေသခံပြည်သူတွေ လုပ်ကိုင်နိုင်တဲ့ အသေးစားနဲ့ တနိုင်တပိုင် တူးဖော်နိုင်တဲ့ လုပ်ကွက်တွေ ချထားပေးမဲ့ ဥပဒေတွေကိုလည်း ရေးဆွဲပြဋ္ဌာန်းထားတယ်လို့လည်း ဆိုပါတယ်။ အခုပြင်ဆင်ရေးဆွဲခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေဟာ ပြီးခဲ့တဲ့ ကာလတလျောက်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်အကြား အကြီးအကျယ် အငြင်းပွားခဲ့ပြီး ပြည်သူများအကြားလည်း ဂယက်ထစေခဲ့ပါတယ် ။ ဥပဒေသစ်မှာ ဧကငါးဆယ်အထိ ကျယ်ပြောတဲ့ အကြီးစားတူးဖော်မှုတွေကို ခွင့်မပြုတော့သလို အလတ်စား၊ အသေးစားနဲ့ တနိုင်တပိုင်လုပ်ငန်းတွေကိုသာ ခွင့်ပြုလိုက်ပြီး သက်တမ်းကိုလည်း လျှော့ချထားပါတယ်။ နိုင်ငံတော်က ဝင်ရောက်လုပ်ကိုင်ခြင်းကိုလည်း တားမြစ်ထားတာကို တွေ့ရပါတယ် ။ အလတ်စားလုပ်ငန်းတွေအနေနဲ့ အကျယ်အဝန်း ငါးဧကကိုသာ လုပ်ကွက်အဖြစ် ရယူနိုင်မှာဖြစ်ပြီး လုပ်ကွက်နှစ်ခု၊ သုံးခုကို တဆက်တည်း လုပ်ကိုင်ခွင့်လည်း ပေးမထားတော့ပဲ သက်တမ်းကိုလည်း သုံးနှစ်ထိပဲ ပေးထားတာကို တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024