မြောက်ဥက္ကလာပတွင် မီးလောင်၊ နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံး
DVB
·
January 5, 2019
မြောက်ဥက္ကလာပမြို့နယ်မှာ မနေ့ညက မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၇ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ည ၆ နာရီခွဲလောက်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်နေ ဒေါ်ခင်ရွှေရဲ့ သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာနေအိမ်မှ မီတာပုံးအပူလွန်ကဲလို့ မီးစတင်လောင်ကျွမ်းခဲ့တာကြောင့် စုစုပေါင်းနေအိမ် ၇ လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး ည ၆ နာရီ ၄၀ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါ်ခင်ရွှေအား ဝေဘာဂီနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။