Made In Myanmar ဈေးရောင်းပွဲတော် ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ကျင်းပ (ဓာတ်ပုံ)
ဆုဆုသွယ်
·
January 4, 2019
မြန်မာလုပ်ငန်းရှင်တွေရဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို တနေရာတည်း တွေ့မြင်နိုင်မယ့် Made In Myanmar ပြည်တွင်းဖြစ်အားပေးပါ ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၄ ရက်မနက်က ရန်ကုန်မြို့၊ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ စတင်ကျင်းပနေပါတယ်။
ဒီပွဲတော်မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ စွန့်ဦးတီထွင် ပြည်တွင်းမှာထုတ်လုပ်တဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အလှကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ အမှတ်တရ လက်မှုပစ္စည်းတွေကို ဆိုင်ခန်းပေါင်း ၁၃၀ ကျော် ဖွင့်လှစ်ရောင်းချနေတာပါ။
ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်တာကျင်းပမယ့် ပွဲတော်မှာ မြန်မာ့ယဉ်ကျေးမှုအက ဖျော်ဖြေရေးအစီအစဉ်တွေ၊ ပညာရှင်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေကိုပါ ထည့်သွင်း ကျင်းပသွားမှာပါ။