Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီရေး ဆက်လက်အားပေးထောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ကတိပေး
DVB
·
January 4, 2019
16114538_1227645557304882_4439457132240667293_n
မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်အားပေးထောက်ခံသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကတိပြု ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ထံက ပေးပို့တဲ့  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ ပြောကြား လိုက်တာပါ။ “မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ မိတ်ဖက်ဆက်ဆံရေး တိုးတက် လာစေရန်အတွက်လည်းကောင်း၊ မြန်မာပြည်သူပြည်သား၊ တိုင်းရင်းသားလူမျိုးစု အားလုံး ခံစားနိုင်မည့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တည်ဆောက်ရေး အတွက်လည်းကောင်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက်အားပေး ထောက်ခံသွားရန် ထပ်လောင်းကတိပြုပါသည်” လို့ အမေရိကန်သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေထံ အမေရိကန်ပြည်သူတွေက ဆုတောင်းမေတ္တာ ပို့သလိုက်တယ်လို့လည်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024