Home
မြန်မာသတင်း
ရသေ့တောင်တွင်  စစ်ဘေးဒုက္ခသည် ၄ ဦး လက်​နက်​ကြီးထိမှန်​ဒဏ်ရာ
DVB
·
January 4, 2019
49241531_128661061489629_4630365599996837888_n
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ သက်ပေကျရွာအနီးမှာ ဇန်န၀ါရီ ၃ ရက်​​ မွန်းလွဲပိုင်းက စစ်​​ဘေးဒုက္ခသည်​စခန်းအနီး လက်​နက်​ကြီးတွေကျလို့ စစ်​​ဘေးဒုက္ခသည်​ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဗောဓိကိုင်းကျေးရွာက စစ်​​ဘေး​ရှောင်​ အသက် ၁၅ နှစ်အရွယ် မခင်ခင်ဝင်း ဒဏ်ရာ ပြင်းထန်လို့ ရသေ့တောင်ဆေးရုံကို တင်ပို့ထားရတယ်လို့ ဖခင်​ဖြစ်​သူ ဦးအင်္ဂါဖြူက ပြောပါတယ်​။ "လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲတဲ့အတွက် လူ လေးဦး ဒဏ်ရာရပါတယ်။ ကျနော့်သမီးမှာ ဒဏ်ရာပြင်းထန်တဲ့အတွက် ရသေ့တောင်မြို့နယ်ဆေးရုံကို ယူလာရပါတယ်။ ကျန်သုံးဦးက ဒဏ်ရာမပြင်းတဲ့အတွက် စစ်​​ဘေးဒုက္ခသည်​စခန်းမှာ ကျန်​​နေခဲ့ကြပါတယ်​။ ဆရာဝန်​က​တော့ ဘာမှ စိုးရိမ်​စရာမရှိဘူးလို့ ​ပြောပါတယ်။ ဖြစ်​တာက မနက်​ပိုင်းပါ၊ ​ဆေးရုံကို ည​နေပိုင်းမှ ​ရောက်​ပါတယ်။ ​မော်​​တော်​ကားနဲ့ ၄ နာရီ​လောက်​သွားရပါတယ်။ " လို့​ပြောပါတယ်။ ရသေ့တောင်မြို့နယ် သက်ပေကျရွာ ဒုက္ခသည်​စခန်းမှာ​ အိမ်ထောင်​စု ၃၂ စု နဲ့ လူဦး​ရေ ၁၈၀ ​ကျော်​ရှိ​ကြောင်း သိရပါတယ်။ သက်​​ပေကျရွာကို ​ဗောဓိကိုင်းက ခမီမိသားစုတွေ ​ရောက်​လာတာ  သီတင်းတပတ်ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရှောင် ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ​ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024