Home
မြန်မာသတင်း
ထိုင်းအချုပ်မှ ပြန်လွတ်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ကော့သောင်းရောက်ရှိ
DVB
·
December 15, 2018
woker11
ထိုင်းနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်ပေးလိုက်တဲ့ မြန်မာအလုပ်သမား ၄၀ ကျော်ဟာ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခဲ့ကြပါတယ်။ ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးကို ကော့သောင်းမြို့ မဥူသကခန်းမမှာ ယာယီထားရှိပြီး နာမကျန်းဖြစ်နေသူတွေကို ကျမ်းမာရေး စောင့်ရှောက်မှုပေးပြီး အစားအသောက်တွေကျွေးမွေးကာ သက်ဆိုင်ရာဌာနတွေက စာရင်းကောက်ယူကြပါတယ်။ “ဒီရောက်လာတဲ့လူ ၄၂ ဦးမှာ များသောအားဖြင့် နိုင်ငံ မတရားခိုးဝင်မှုပေါ့။ တကယ်တော့ သူတို့က အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့သူတွေစုပြီး ထိုင်းလ၀ကကို ပို့တာပါ၊ အနယ်နယ်အရပ်ရပ်က အသွင်အမျိုးမျိုးနဲ့ အဖမ်းခံရတာတွေပါ” လို့ နယ်ခြားကော်မတီဝင်တဦးက ပြောပါတယ်။ ပြန်ရောက်လာတဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့မှ ကိုသန်းဝေက “ကျနော်က မလေးရှားကို သွားမလို့ပါ။ မြန်မာကနေအထွက် ထိုင်းထဲအဝင်မှာ အဖမ်းခံရတာပါ။ ထိုင်းနိုင်ငံ ရနောင်းအချုပ်မှာ တလကျော်ကြာပါတယ်” လို့ ပြောပါတယ်။ လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဖြစ်ပြီး မော်တော်ယာဉ်တွေ စီစဉ်ပေးပြီး နေရပ်ပြန်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအချုပ်မှ ပြန်လွတ်လာသူတွေကို လက်ခံပြီး နေရပ်ပြန်ပို့ပေးနေတာ နိုဝင်ဘာ နဲ့ ဒီဇင်ဘာ ပထမပတ်အထိ လူဦးရေ ၂၀၀ နီးပါးရှိသွားပြီလို့ လဝကစာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013