ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တု ပဲခူးမြို့တွင် ဖွင့်လှစ်
DVB
·
December 14, 2018
ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရဲ့ ရုပ်တုဖွင့်ပွဲကို ဒီနေ့မနက်ကျင်းပခဲ့ပါတယ်။
ဘုရင့်နောင်မင်းတရားကြီးရဲ့ ရုပ်တုအား စကျင်ကျောက်နဲ့ ထုဆစ်ပုံဖော်ကာ စုစုပေါင်း ၄၅ သိန်းအကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး အမြင့် ၆ ပေ ၂ လက်မ၊ ခုံတုံးအမြင့် ၉ ပေရှိပါတယ်။
ရုပ်တုရဲ့ အောက်ခံခုံတုံးမျက်နှာစာမှာ ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးရဲ့ သမိုင်းကြောင်းတွေကို ကမ္ဗည်းကျောက်စာ ရေးထိုးထားပါတယ်။
ကမ္ဘောဇသာဒီနန်းတော် ရှေးဟောင်းသုတေသနပြတိုက်အတွင်းမှာ ဟံသာဝတီရှင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးရုပ်တု၊ မိဖုရားခေါင်ကြီး ခင်ခင်ကြီးရုပ်တုပြခန်း၊ မယ်တော်ဆုပန်ကလျာ နန်းဆောင်နဲ့ရုပ်ထု၊ ကျွန်းလုံးတိုင်ပြတိုက်၊ ဘမရာသန ပလ္လင်တော်ဆောင်၊ ပြင်နန်းတော်စ တင်တည်ဆောက်ထားသော ကျွန်းလုံးတိုင်ကြီးတွေ၊ ခေတ်အဆက်ဆက်တူးဖော်ရရှိသော ရှေးဟောင်းပစ္စည်းတွေ၊ ဘုရင့်နောင်မင်းတရားကြီး အသုံးပြုခဲ့တဲ့ မြင်းရထားပုံစံငယ်နဲ့ အသုံးဆောင်ပစ္စည်းတွေ ပြသထားပါတယ်။
အောင်စိုးမိုး