မော်လိုက်နှင့် မင်းပြားမြို့အနီး မြေငလျင်များ လှုပ်ခတ်
DVB
·
November 21, 2018
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီးနဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ ဒီကနေ့မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ၉ နာရီ ၁၈ မိနစ် ၄၅ စက္ကန့်မှာ တမူးမြေငလျင်စခန်းမှ တောင်ဘက် ၄၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း မော်လိုက်မြို့ရဲ့ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်သွားတယ်လို့ ဆိုပါတယ်။
အလားတူ မြန်မာစံတော်ချိန် ၀၀ နာရီ ၁၉ မိနစ် ၁၉ စက္ကန့်မှာ စစ်တွေမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း မင်းပြားမြို့ရဲ့ အရှေ့ဘက် ၂၇ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၀ အဆင့်ရှိ မြေငလျင် လှုပ်သွားကြောင်း တိုင်းထွာရရှိတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။