တောင်ကြီးတန်ဆောင်တိုင် ၄ ရက်မြောက်နေ့ ပိုစည်ကားလာ
DVB
·
November 17, 2018
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ပွဲတော်ကျင်းပတာ ဒီနေ့ဆို ၄ ရက်မြောက် နေ့ရှိပြီဖြစ်ပြီး ပိုမိုစည်ကားလာတာကို တွေ့ရပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့က တောင်ကြီးမြို့မှာ ဗုံးလန့်မှုရှိခဲ့ပေမယ့် ပွဲတော်ည ပိုမိုစည်ကားတယ်လို့ မီးပုံးပျံ ပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပါတယ်။
ဒီနှစ်တန်ဆောင်တိုင်ပွဲတော်ဟာ မီးပုံးပျံ မီးလောင်မှုကြောင့် လူနှစ်ယောက် ထိခိုက်တာ ရှိပေမယ့် သက်သာလာပြီလို့ ဆိုပါတယ်။
ဒီနှစ်မှာ ထူးခြားချက်ကတော့ မီးဘေးအန္တရာယ် ဖြစ်ပွားမှုနည်းပါးပြီး ရာသီဥတု အခြေအနေလည်း ပွဲတော်ကာလမှာ သာယာနေတယ်လို့ ဆိုပါတယ်။
မီးပုံးပျံပြိုင်ပွဲကို နေ့လွှတ်အရုပ်တွေ၊ ညလွှတ် စိန်နားပန်၊ ညမီးကြီးတွေနဲ့ ပြည်တွင်းပြည်ပ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်ကနေ ၂၃ ရက်နေ့အထိ ၁၀ ရက် တိတိ ကျင်းပသွားမှာဖြစ်ပါတယ်။
ခွန်ရာဇာ