မြိတ်မြို့ မဟာဘုံကထိန်ပွဲတွင် တနင်္သာရီနဂါးလှေများ အလှပြ လှော်ခတ်
DVB
·
November 17, 2018
မြိတ်မြို့ ကုသိနာရုံကျောင်းတိုက် မဟာဘုံကထိန်ပွဲတော်မှာ တနင်္သာရီမြို့နယ်က နဂါးလှေတွေ လာရောက်ပြီး အလှပြလှော်ခတ်ပြသခဲ့ကြပါတယ်။
နှစ်ပေါင်း ၈၆၀ ကျော်ကြာမြင့်ပြီဖြစ်တဲ့ တနင်္သာရီမြစ်အတွင်းက နဂါးလှေပွဲတော်မှာ ယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်ပြီး မြိတ်မြို့ ပင်လယ်ဝမှာ လာရောက်လှော်ခတ်ခဲ့ကြောင်း သိရပါတယ်။
“ကုသိနာရုံ ကျောင်းတိုက်ဆရာတော်ရဲ့ ဖိတ်ကြားချက်အရ လာရောက်ပြီး အလှပြ လှော်ခတ်တာပါ။ စိန်ပန်းသွယ်နှင့်ပတ္တမြားသွယ်ဆိုတဲ့ လယ်သစ်ကျေးရွာက နဂါးလှေ ၂ စီးလာ ရောက်လှော်ခတ်ပြသတာပါ။ မြိတ်မြို့မှာ လှော်ခတ်ပြသရတာ အခက်အခဲ ရှိပါတယ်။ ပင်လယ်ပြင်ဖြစ်တဲ့အတွက် အခက်အခဲရှိပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကို အဆင့်ဆင့်တင်ရပါတယ်။ ဆရာတော်ကိုယ်တိုင် ဌာနဆိုင်ရာ ၈ ခုအထိ တင်ပြခဲ့ရတာပါ” လို့ လယ်သစ်ကျေးရွာမှ နဂါးလှေအဖွဲ့ခေါင်းဆောင် ကိုဝင်းထွန်းက ပြောပါတယ်။
တနင်္သာရီမြစ်အတွင်းမှာ သာလှေခတ်ပြသလေ့ရှိတဲ့ နဂါးလှေတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က မြိတ်မြို့ရဲ့ ဘုရားထီးတင်ပွဲတပွဲမှာ လှော်ခတ်ပြသခဲ့ဖူးပြီး အခုမှတကြိမ် ပြန်လည် လှော်ခတ်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)