Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၊ မဟာသီယာနှင့် ပရာရွတ်တို့ စင်ကာပူတွင်ဆွေးနွေးမည်
DVB
·
November 9, 2018
assk
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာတို့နဲ့အတူ နိုဝင်ဘာ ၁၂ နဲ့ ၁၃ ရက်မှာ ကျင်းပမယ့် အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (ABIS 2018) မှာ ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ဖို့ရှိနေတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စင်ကာပူနိုင်ငံကို မကြာခင်ကာလအတွင်း သွားရောက်မယ်လို့ အစိုးရကလည်း အတည်ပြုသတင်းထုတ်ပါတယ်။ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ဖို့ သွားရောက်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာ ဖြစ်ပြီး အာဆီယံ နိုင်ငံတွေကခေါင်းဆောင်တွေ ပါဝင်တက်ရောက်ကြမှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024