Home
သတင်းဓာတ်ပုံ
တိုးတက်ဖို့ခက်နေသည့် မြန်မာပြည်က အလှမွေးငါးလုပ်ငန်း (သတင်းဓာတ်ပုံ)
ပြည့်ဖြိုးကျော်
·
November 6, 2018
fish 06
fish 05
fish 04
fish 03
fish 02
fish 01
မြန်မာနိုင်ငံမှာ အလှမွေးငါးလုပ်ငန်းတွေအတွက် တိကျတဲ့ဥပဒေ၊ နည်းဥပဒေတွေ မရှိလို့ လုပ်ငန်းတိုးတက်ဖို့ ခက်ခဲနေတယ်လို့ မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ မြန်မာပြည်ကထွက်တဲ့ အလှမွေးငါးမျိုးတွေကို တခြားနိုင်ငံတွေက သားဖောက်ပြီး ပြန်ရောင်းနိုင်လို့ ကမ္ဘာ့ဈေးကွက်မှာ နိုင်ငံခြားငွေတွေ ရနေပေမယ့် မြန်မာနိုင်ငံမှာတော့ တိကျတဲ့ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ မရှိလို့ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်ဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အလှမွေးငါးတွေကို ပြည်တွင်းရှိ ဝါသနာရှင်တွေက မွေးမြူရောင်းဝယ် ဖောက်ကားတာ ရှိသလို နေအိမ်တွေနဲ့ ကုမ္ပဏီရုံးခန်းတွေမှာ အလှမွေးထားကြတာပါ။ လက်ရှိမှာ ပြည်ပကနေ အလှမွေးငါးတွေ မြန်မာနိုင်ငံထဲ တင်သွင်းတာရှိသလို  မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့မှုတချို့ရှိပေမယ့် တရားဝင်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024