Home
မြန်မာသတင်း
မြစ်ကိုစုန်ဆင်း လှေလှော်ထွက်ကြသည့် ရာနှင့်ချီသည့် အမေရိကန်စုန်းမများ (ရုပ်သံ)
DVB
·
November 2, 2018
2000
ရှေးခေတ် ဒဏ္ဍာရီလာပုံပြင်တွေထဲမှာတော့ စုန်းမတွေဟာ အနက်ရောင်ဝတ်ရုံရှည်ကြီးတွေ ၀တ်ဆင်ထားပြီး တံမြက်စည်းပျံစီးကြလေ့ရှိပေမယ့် အမေရိကန်နိုင်ငံက ဒီစုန်းမတွေကတော့ လှေစီးပြီး မြစ်ကို စုန်ဆင်းခဲ့ကြတာပါ။ ဒီစုဝေးပွဲကို အခုနှစ်ရဲ့ ဟောလ၀င်းပါတီနေ့မတိုင်ခင်က အမေရိကန် အော်ရီဂွန်ဒေသထဲမှာ ပြု လုပ်ခဲ့ကြတာဖြစ်ပြီး ရာနဲ့ချီတဲ့ လူတွေဟာ ပို့ထ်လန်းဒ်မြို့နဲ့ ပိုင်းခြားထားတဲ့ ၀ီလာမက် ထီမြစ်ကြောင်းအတိုင်း ၁၀ ကီလိုမီတာ အကွာအဝေးထိ ခရီးနှင်ခဲ့ကြတာဖြစ်ပါတယ်။ အရင်နှစ်တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ဒီစုဝေးပွဲမှာ လူတွေနည်းနည်းသာ ပါဝင်ခဲ့ကြပေမယ့် အခုနှစ်မှာတော့ ရာနဲ့ချီတဲ့လူတွေ ပါဝင်လာကြပြီး ဆွဲဆောင်နိုင်ခဲ့တာလို့ ဟပ် ဖင်တန်ပို့စ်သတင်းမှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ လမ်းတလျှောက်မှာတော့ ဒီစုဝေးလှေလှော်ပွဲမှာ ပါဝင်သူတွေက ခြေအိတ်တွေ၊ အတွင်းခံတွေ၊ တီရှပ်တွေစတာတွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေက မြစ်ကမ်းဘေးတလျှောက်မှာ ကြည့်ရှုအားပေးခဲ့ကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024