ဘူးသီးတောင်ရှိ ဘုန်းကြီးကျောင်းများ အသစ်ပြန်ဆောက်ရန် ငွေကြေးထောက်ပံ့
DVB
·
October 27, 2018
ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်ရှိ ပျက်စီးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ရေရှည်တည်တံ့စေရေးအတွက် အသစ်ပြန် တည်ဆောက်နိုင်ဖို့ နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့က ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းလိုက်တဲ့ အလှူငွေတွေကို ဘူသီတောင်မြို့နယ်အတွင်းရှိ သပိတ်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ နန္စားတူကျော်ရံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်လှူဒါန်းပေးခဲ့ပြီး ကျန်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတွေကို အောက်တိုဘာ ၂၇ မှာ ဆက်လက်သွားရောက်လှူဒါန်းသွားမယ်လို့ ဘူသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီပါတီ (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းကပြောပါတယ်။
“ကျနော် ဒီနေ့ ကျေးရွာနှစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းများကို သွားရောက်လှူ ဒါန်းနိုင်ခဲ့ပါတယ်။ ကျန်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများကို ဆက်လက်လှူဒါန်းသွားမှာပါ။ ဒီလိုလှူဒါန်းရတာကတော ကျနော်တို့ ဘူးသီးတောင်မြို့နယ်အတွင်းမှာရှိတဲ့ ပျက်စီးနေသော ဘုန်းတော်ကြီးကျောင်းများ ရေရှည်တည်တံခိုင်မြဲဖို့နဲ့ အသစ်ပြန်လည်တည်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းလိုက်တဲ့ငွေတွေကို သွားရောက်လှူဒါန်းတာ
ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းလိုက်တဲ့ ဘူသီးတောင်မြို့နယ်ထဲက
ဘုန်းတော်ကြီးကျောင်တွေကတော့ သပိတ်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို သိန်း(၃ဝဝ) နန္စားတူ ကျောက်ရံကျေးရွာ ဘုန်တော်ကြီးကျောင်းကို သိန်း(၂ဝဝ)၊ ကွမ်းတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို သိန်း(၂ဝဝ)၊ အင်ကြားမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို သိန်(၂ဝဝ) နဲ့ ဇီးဒုံကျေးရွာ ရှိဘုန်းတော်ကြီးကျောင်းကို သိန်း(၁၈ဝ) တို့ကို အသီးသီးလှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗညား