သာစည်-ရပ်စောက် မီးရထားလမ်း မိုးများပြီး တောင်ပြိုကျမှုကြောင့် လမ်းပိတ်နေ
DVB
·
October 13, 2018
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်က သာစည်-ရပ်စောက် မီးရထားလမ်း မိုင်တိုင် ၃၄၅/၁၅ နဲ့ ၁၆ အကြား မိုးများပြီး တောင်ပြိုကျလို့ လမ်းပိတ်သွားတယ်လို့ သာစည်မီးရထားဌာနက ပြောပါတယ်။
ယင်းမာပင်ဘူတာရုံပိုင်ကြီးက “တောင်ပြိုပြီး မီရထားလမ်း ပိတ်သွားတယ်။ အမြန်ဆုံး ပြန်ပွင့်အောင် လုပ်နေပါတယ်။ ဒီနေ့တော့ ရထားသွားလို့ ရနိုင်ပါတယ်။ လယ်ပြင်နဲ့ လွန်းထိုးဘူတာကြားမှာ ဖြစ်တာပါ” လို့ ပြောပါတယ်။
ခရီးသည်တွဲ ၃ တွဲပါတဲ့ မီးရထား စက်ခေါင်းအမှတ် ၁၆၁၂ မီးရထား ရပ်စောက်ဘက်ကိုအလာမှာ တောင်ပြိုပြီး ရထားလမ်းပိတ်နေလို့ လယ်ပြင်ဘူတာဘက် ပြန်မောင်းခဲ့ရပါတယ်။
အဲဒီမီးရထားမှာ ခရီးသည် ၁ဝဝ လောက် ပါလာတယ်လို့ မီးရထားစီးခရီးသည်တဦးက ပြောပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)