နိုင်ငံတကာ သင်္ချာနှင့် သိပ္ပံပြိုင်ပွဲတွင် မြန်မာကျောင်းသားများ ဆုတံဆိပ် ၃ခုရရှိ
DVB
·
October 6, 2018
တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာသင်္ချာနဲ့ သိပ္ပံပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူတွေက ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိတယ်လို့ အစိုးရ သတင်းမှာဖော်ပြပါတယ်။
INTERNATIONAL MATHS AND SCIENCES OLYMPIAD (IMSO) ပြိုင်ပွဲကို တရုတ်နိုင်ငံမှာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၁ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့ တာဖြစ်ပြီး မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။
မြန်မာနိုင်ငံကိုယ်စားပြု မန္တလေးနိုင်ငံတကာသိပ္ပံအကယ်ဒမီ (MISA)ကျောင်းမှ ကျောင်းသားကျောင်းသူ ၁၂ ဦးတို့က ရေးဖြေစာမေးပွဲ၊ လက်တွေ့နဲ့ ကွင်းဆင်းလေ့လာတဲ့ ပြိုင်ပွဲတွေ အဆင့်ဆင့် ယှဉ်ပြိုင်ကြပြီး အိုလံပစ်သင်္ချာပြိုင်ပွဲမှာ မောင်အောင်ခန့်ဟိန်းက ငွေတံဆိပ်ဆု၊ အိုလံပစ်သိပ္ပံပြိုင်ပွဲမှာ မောင်ဘုန်းခန့်မင်းဇော်နဲ့ မစုအိနြေ္ဒတို့က ကြေးတံဆိပ်နှစ်ခုကို ဆွတ်ခူးရရှိခဲ့ကြတာပါ။
အဆိုပါပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ၁၅ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး MISA ကျောင်းမှ ကျောင်းသား ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံ- ကြေးမုံ