ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်တဲများကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်း (ဓာတ်ပုံ)
သူသူအောင်
·
September 29, 2018
ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၁ ဘေး ၆၅ ရပ်ကွက် ကြက်ဆူပင်စိုက်ကွင်းမှာ နေထိုင်ကြတဲ့ ကျူးကျော်တဲတွေကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူ ၅၀၀ လောက်က ဝင်ရောက်ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
ကျူးကျော်နေထိုင်သူတွေကို မနက် ၅ နာရီလောက်က နေအိမ်ပစ္စည်းတွေ ရွှေ့ပြောင်းပေးဖို့ အချိန် ၁ နာရီလောက် ပေးပြီး နေအိမ်တွေကို ဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။
ကျူးကျော်နေထိုင်သူတွေနဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၂၀ ကျော်ရှိပြီး နေအိမ်တွေကို ဖယ်ရှားပေးဖို့ ငွေကျပ်ဆယ်သိန်းနဲ့ လာရောက်ညှိနှိုင်းခဲ့ပေမယ့် လက်ခံခြင်း မရှိတာကြောင့် နေအိမ်တွေ ဖယ်ရှားပေးဖို့ စာသုံးကြိမ်ပေးပို့ ခဲ့ပြီး အင်အားသုံး ဖယ်ရှားခဲ့တာပါ။
သတင်းဓာတ်ပုံ - သူသူအောင်