Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ယာဉ်တိုက်အန္တရာယ်လျှော့ချရေး ရောင်ပြန်စတစ်ကာများ ဝေငှ
DVB
·
September 8, 2018
byc
မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှုအန္တရာယ်လျော့ချတဲ့အနေနဲ့ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်နဲ့ ကားတွေမှာကပ်ဖို့ ရောင်ပြန်စတစ်ကာတွေကို စက်တင်ဘာ ၇ ရက်နေ့မနက်က ပေးဝေခဲ့ကြပါတယ်။ အခုလို ကားနဲ့ဆိုင်ကယ်တွေကို ရောင်ပြန်စတစ်ကာ ပေးဝေတာဟာ ညဘက်မှာ မောင်းတဲ့ ကားနဲ့ ဆိုင်ကယ်တွေအတွက် ယာဉ်တိုက်မှု အန္တရာယ် လျော့ချနိုင်ဖို့အတွက် ဖြစ်တယ်လို့ အမှတ် ၁၅ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့မှူး ရဲမှူး ရဲလွင်က ပြောပါတယ်။ "အဓိကကတော့ ညပိုင်းတွေမှာ သွားနေတဲ့ ဆိုင်ကယ်တွေ ကားတွေဟာ အများအားဖြင့် နောက်မှာ ရောင်ပြန်မပါဘူး။ ရောင်ပြန်မပါတော့ အန္တရာယ်အများကြီးရှိတယ်။ သွားကြလာကြတဲ့ လူတွေဟာ အရက်သေစားသာက်စားတာတို့ အရမ်းမောင်းတာတို့ မဆင်မခြင်မောင်းတာတွေ သွားတွေ့တယ်။" အခုလိုရောင်ပြန်စတစ်ကာ ဖြန့်ဝေတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး FHB ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်အထိ စုစုပေါင်းယာဉ်တိုက်မှု ၁၀၅ မှုရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024