ချောက်မြို့တွင် အင်အား ၄.၀ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
September 7, 2018
ချောက်မြို့နယ်မြောက်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၀၅ နာရီ ၀၉ မိနစ် ၂၂ စက္ကန့်အချိန် တိုင်းထွာချက်အရ ချောက်မြို့ရဲ့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၈၂ ဒီဂရီ၊ အနက် ၁၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။