Home
မြန်မာသတင်း
ဆွာချောင်း ရေကြီးမှုကြောင့် ကိုယ်ဝန်ဆောင်အပါအ၀င် ၄ ဦးသေဆုံး၊ ၃ ဦး ပျောက်နေ
DVB
·
September 1, 2018
swar
ပဲခူးတိုင်း ဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျပြီး ရေကြီးရေလျှံမှုကြောင့် ကိုယ်ဝန်ဆောင်တယောက်အပါအဝင် လူ ၄ ယောက် သေဆုံးပြီး ၃ ယောက် ပျောက်ဆုံးနေတုန်းဖြစ်တယ်လို့ သြဂုတ် ၃၁ ရက်ညနေပိုင်းမှာ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် အပါအဝင် အသက် ၁၇ နှစ်အရွယ် ယောင်္ကျာလေးတယောက်၊ အသက် ၃၈ နှစ်နဲ့ ၄၆ နှစ်အရွယ် အမျိုးသား ၂ ယောက်တို့ သေဆုံးခဲ့ပါတယ်။ ပြီးတော့ ခလ၇ ၈၄ က ဒု တပ်ရင်းမှူး ဗိုလ်မှူးတယောက်၊ ၁၂ ဘီး ယာဉ်မောင်းတယောက်နဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသားတယောက်တို့ ပျောက်ဆုံးနေတာပါ။ ဆွာတမံရေပိုလွှဲပဲ့တာနဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ကျောက်ကြီး၊ ထန်းတပင်နဲ့ ရွှေကျင်မြို့တွေမှာ ရေလျှံခဲ့ပြီး လူပေါင်း ၃၀၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့လည်း ပဲခူးတိုင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကျောင်းပေါင်း ၃၁၉ ကျောင်း ပိတ်ထားရတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024