လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် မောင်တောသို့ သွားရောက်
DVB
·
August 31, 2018
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီကနေ့ မနက် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားကြပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင်ဟာ Golden Myanmar လေကြောင်းနဲ့ စစ်တွေလေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီး မောင်တောကို ထွက်ခွာသွားကြတာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင် ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့ နဲ့အတူ UEHRD ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်တို့လိုက်ပါလာတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင်ဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တောမြို့နယ် ငခူးရ၊ ကိုင်းကြီး မြိုရွာ၊ ရဲဘော်ကျဟိန္ဒူကျေးရွာ၊ စတဲ့နေရာတွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနဲ့ အဖွဲ့ဝင်တွေဟာ မနေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို