ဆိုင်ကယ်ဦးထုပ်ဆောင်း၍ ဆိုင်ကယ်စီးသည့်ကမ်ပိန်း တောင်ကြီးမြို့တွင် ပြုလုပ်မည်
DVB
·
August 27, 2018
ယာဉ်တိုက်မှု လျှော့ချရေးနဲ့ ယာဉ်စည်းကမ်း လိုက်နာစေရေးအတွက် တောင်ကြီးမြို့မှာ ပထမဆုံးအကြိမ် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်စီးတဲ့ ကမ်ပိန်းကို သြဂုတ် ၂၉ ရက်နေ့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။
ဆိုင်ကယ်ပေါင်း အစီး ၁ဝဝဝ နဲ့ တောင်ကြီးမြို့ကိုပတ်ပြီး လူထုဗဟိုပြုတဲ့ အကြီးစား ကမ်ပိန်း ပြုလုပ်မှာ ဖြစ်ပါတယ်။
ဆိုင်ကယ်စီး ဦးထုပ်ဆောင်း ပြုလုပ်ခြင်းအပြင် ကားမောင်း ခါးပတ်ပတ်ခြင်း၊ အရက်မူးပြီး မမောင်းခြင်း စတဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေလည်း ဝေငှသွားမှာ ဖြစ်ပါတယ်။
မိုးတွင်းကာလမှာ ယာဉ်မတော်တဆတိုက်မှု အလွန်များတဲ့အတွက် ပြည်သူတွေ စည်းကမ်း လိုက်နာဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ဆိုင်ကယ်စီး ဦးထုပ်ဆောင်း စည်းကမ်းလိုက်နာခြင်းမှာ တောင်ကြီးမြို့က ပထမဆု ရထားပါတယ်။
အခုကမ်းပိန်းကတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းတဲ့မြို့ ဆုကို ထိန်းသိမ်းတဲ့အပြင် ပညာပေး ဇာတ်လမ်းတိုတွေနဲ့လည်း အသိပညာပေးသွားမယ်လို့ သိရပါတယ်။