Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 18, 2018
Ko Htwe
ရဲဘော်ကိုထွေး (၁၉၂၉- ၁၉၄၇) ရဲဘော်ကိုထွေးကို ၁၉၂၉ ခုနှစ်၊ မန္တလေးမြို့ တောင်ပြင် သိပံ္ပရပ်နေ ပင်စင်စား လယ်ယာစိုက်ပျိုးရေးဝန်ထောက် ဦးကိုကိုလေးနဲ့ ဒေါ်မင်းရီတို့မှ ဖွားမြင်ခဲ့ပြီး ဆဋ္ဌမမြောက်သား ဖြစ်ပါတယ်။ ဗမာ-မွတ်စလင် ဖြစ်ပါတယ်။ နဝမတန်းအထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၈ နှစ်မှာ ပညာရေးဝန်ကြီး ဦးရာဇတ်ရဲ့ သက်တော်စောင့်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ မနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်မှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အစည်းအဝေး ပြုလုပ်နေချိန် ဂဠုန်ဦးစောရဲ့ စေခိုင်းချက်အရ သူ့နောက်လိုက်တွေ လက်ချက်နဲ့ ကျည် ၄ ချက် ထိမှန်ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကျဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013