Home
နိုင်ငံရေး
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ
DVB
·
July 18, 2018
Sao San Htun
မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ – ၁၉၄၇) သူ့ကို မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီးနဲ့ မဟာဒေဝီ နန်းစိန်ဥတို့က ၁၉ဝ၇ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ မွေးဖွားပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းက ဆယ်တန်း အောင်မြင်ခဲ့ပါတယ်။ မိတ္ထီလာ စက်ရှင်တရားရုံးမှာ အလုပ်သင်၊ မန္တလေး ပုလိပ်အတတ်သင်ကျောင်းတက်ခဲ့ပြီး အလုပ်သင်ဝန်ထောက်အဖြစ် ခဏလုပ်ခဲ့ကာ ၁၉၂၈ ခုနှစ်မှာ စော်ဘွားဖြစ်လာပါတယ်။ ၁၉၃၂ ခုနှစ်မှာ မိုးမိတ်စော်ဘွားကြီးရဲ့ သမီး စဝ်ခင်သောင်းနဲ့ လက်ထပ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဝါသနာပါပြီး နိုင်ငံခြားက မျိုးစေ့တွေ မှာယူလို့ ဒေသတွင်းမှာ ဖြန့်ဖြူးပေးခဲ့ပါတယ်။ တောင်တန်းနဲ့ မြေပြန့် စည်းလုံးရေးကို လိုလားပြီး ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့မှာ အတိုင်ပင်ခံ တောင်တန်းဒေသဆိုင်ရာဝန်ကြီး ဖြစ်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတို့မှာ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၁၉၄၇၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံပစ်ခတ်မှုကြောင့် ကျည် ၂ ချက်သင့်ပြီး ဇူလိုင် ၂ဝ ရက် မွန်းတည့် ၁၂ နာရီမှာ ကျဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013