ကာချုပ်နှင့် တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
July 14, 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ်တို့ မနေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
တွေ့ဆုံရာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေး ကျင်းပနေတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရနဲ့ တပ်မတော်က ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်တေံကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တပ်မတော်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးနဲ့ စစ်သံမှူးတို့လည်း တက်ရောက်ကြတယ်လို့ ဆိုပါတယ်။