သယံဇာတပေါသည့် ကယားပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေ
ထွန်းထွန်းသိန်း
·
July 3, 2018
ကယားပြည်နယ်ဟာ မြန်မာပြည်ရဲ့အသေးဆုံးပြည်နယ် ဖြစ်ပေမယ့် သဘာဝသယံဇာတ အရင်းအမြစ်တွေ ပေါများတာကြောင့် မြေယာလုတာ၊ မငြိမ်းချမ်း၊ မတည်ငြိမ်တာတွေ ဖြစ်နေတယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ကရင်နီဒေသမှာ နှစ် ၆၀ နီးပါး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးတွေဆုံးရှုံးခဲ့သလို ဖွံ့ဖြိုးမှုလည်းနောက်ကျကျန်နေတယ်လို့ ကရင်နီအဖွဲ့တွေက ပြောပါတယ်။
ကယားပြည်နယ်ကို စစ်ပွဲတွေကနေ ငြိမ်းချမ်းရေးဆီသို့ မြေယာအရေးနဲ့ လမ်းဆုံလမ်းခွ ရောက်နေတဲ့ မြန်မာနိုင်ငံအမည်ရတဲ့ အစီရင်ခံစာမိတ်ဆက်ပွဲကို ဇူလိုင် ၂ ရက်နေ့က ရန်ကုန်မှာကျင်းပခဲ့ပြီး ကရင်နီအရပ်ဘက်အဖွဲ့တွေက ငြိမ်းချမ်းရေး အလားအလာတွေ သယံဇာတနဲ့ မြေယာဖွံ့ဖြိုးရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။