သာပေါင်းမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် သစ်ပင်ပိ ရေမွန်းသေဆုံး
DVB
·
June 23, 2018
သာပေါင်းမြို့နယ်မှာ တောဆင်ရိုင်းပေါက် ၁ ကောင် သစ်ပင်ပိ ရေမွန်းသေဆုံးနေတာ တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ မနက်က သာပေါင်းမြို့နယ်၊ (ဒေသအခေါ်) ဂွတိုချောင်းမှာ အလျား ၅ ပေ၊ အမြင့် ၃ ပေ ၆ လက်မ၊ လုံးပတ် ၄ ပေလောက်ရှိတဲ့ တောဆင်ရိုင်းပေါက် အထီး(၁)ကောင် သစ်ပင်ပိ ရေမွန်းသေဆုံးနေတာပါ။
သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်နဲ့ ကွန်ဂျီဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်း၊ သာပေါင်းမြို့နယ် ဘုရားကြီး ဘိနယ်တာဝန်ခံ တောအုပ် ဦးလှအေးတို့ သွားရောက်စစ်ဆေးပြီး ဆင်သေအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။