Home
မြန်မာသတင်း
ဥက္ကံတွင် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်းသိမ် တောဆင်ရိုင်း ဖျက်ဆီး
DVB
·
June 29, 2019
el
တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စုမှာ ဇွန် ၂၉ ရက် မနက် ၁ နာရီလောက်က တာဆင်ရိုင်းတကောင် ဝင်ရောက်ဖျက်ဆီးခဲ့လို့ နေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်းသိမ် ၁ ခုနဲ့ ဘုရားကျောင်းဆောင် ပျက်ဆီးခဲ့တယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်နိုင်ဝင်းက ပြောပါတယ်။ “မအူခုံကျေးရွာအရှေ့ဘက် တောစပ်နားက ဦးအောင်မြင့်အေးရဲ့ ၃ ပင် ဝါးအိမ်တစ်လုံး၊ ကျောက်ပြင်သာကျေးရွာက လယ်စောင့်တဲတလုံးနဲ့ ကျောက်ပြင်သာဘုန်းကြီးကျောင်းဝန်းထဲက သိမ်ကိုဝင်ပြီးဘုရားကျောင်းဆောင်အတွင်းက မြသပိတ်တလုံးနဲ့ ဘုရားပန်းအိုးတွေကို ဝင်ဖျက်ဆီးသွားတယ်။ လူနေအိမ်က ဆန်၊ ငပိ၊ ငါးခြောက်နဲ့ စားစရာတွေကိုတော့ စားသောက်သွားတယ်။ လယ်စောင့်တဲ့ကတော့ လူမရှိဘူး၊ ဦးအောင်မြင့်အေးအိမ်ကတော့ လူနေတယ်၊ ဆင်လာတော့ သူတို့မိသားစု ၄ ဦးကထွက်ပြေးခဲ့လို့ လူတွေတော့ဘာမှမဖြစ်ဘူး။ ဆုံးရှုံးမှုတန်ဖိုးက စုစုပေါင်း(၁၃၀၀၀၀)ကျပ်ရှိတယ်။ ကျနော်အုပ်စုထဲကို ဒီနှစ်ထဲ တောဆင်ရိုင်း ၃ ကြိမ်ရှိပြီ ဝင်ဖျက်ဆီးတာ” လို့ ပြောပါတယ်။ ပဲခူးရိုးမအနီးက ကျေးရွာတွေကို နှစ်စဉ် တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေနဲ့ လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးပြီး ဆန်၊ ငါးပိ၊ ငါးခြောက်နဲ့ အခြားအစားအစာတွေကို စားသောက်ကြသလို လူနဲ့ပတ်ပင်းတိုးရင် နင်းသတ်တာတွေအထိ ဖြစ်နေတာပါ။ ဇွန်လ ၆ ရက်ကလည်း ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း သားမိနှစ်ယောက် အိပ်ပျော်နေစဉ် ဝင်ရောက်နင်းသတ်မှု ဖြစ်ခဲ့ပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024