Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လျှပ်တပြက်ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်နိုင်ဟု မိုးဇလ သတိပေး
DVB
·
June 10, 2018
wat
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးမှုနဲ့အတူ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် ၁ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ် ကျော်ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ လျှပ်တစ်ပြက်ရေကြီးမှုနဲ့အတူ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး၊  မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024