လွိုင်ကော်တွင် ယမ်းချောင်း ၅၀၀၀ ခန့်နှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိ
DVB
·
June 4, 2018
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ယမ်းချောင်း ၄,၈၀၀ ချောင်းနဲ့ စနစ်တံကြိုးတွဲလျက် ဒီတိုနေတာ အချောင်း ၄,၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၃ ရက်နေ့ မနက် ၁၂ နာရီလောက်က လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံကို ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်တဲ့အဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။
ဒေါ်မြမြစိမ်း(ခ)အားတုံ ငှားရမ်းထားတဲ့ သိုလှောင်ရုံအခန်းအမှတ် (၉/၁၀) အတွင်းမှာ စက္ကူဖာနဲ့ ထည့်ထားတဲ့ အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မခန့်ရှိ ယမ်းချောင်း ၄,၈၀၀ ချောင်း၊ အရှည် ၁၂ ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနဲ့ တွဲလျက် အရှည် ၂ လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ ၄,၀၀၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမိသူ ဒေါ်မြမြစိမ်း(ခ)အားတုံကို လွိုင်ကော်မြို့မရဲစခန်းက လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး