ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်၊ ကလေးငယ် ၁ ဦး သေဆုံး
DVB
·
May 26, 2018
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့်နယ်၊ အောင်သာယာရပ်ကွက် ၄၄ လမ်း ၄၅ လမ်းကြား ရတနာသိဒ္ဓီ ကျောင်းတိုက်ရှေ့မှာ မီးလောင်မှုဖြစ်ပွားလို့ ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အိမ်၂ လုံးနဲ့ ပါကျဲရိုး ၁ စီး ပျက်စီးဆုံးရှုံခဲ့ပါတယ်။
ဦးတိုးအောင်အိမ်မှ ကုတင်ဘေး ခြင်းဆေးခွေထွန်းရာက မွေ့ယာကို ကူးဆက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ မန္တလေးတိုင်း ခရိုင်မီးသတ်က သတင်းထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် ပါကျဲရိုး (2 F 3004) ကား ၁ စီး၊ အုပ်ညှပ် နံကပ် သွပ်မိုးနှစ်ထပ်နေအိမ် ၂ လုံး မီးလောင်ခဲ့လို့ အိမ်ရှင် ဦးတိုးအောင်ရဲ့ မြေးဖြစ်သူ သေဆုံးခဲ့ပြီး သားဖြစ်သူ ကိုအောင်ကျော်စိုး ဝဲပေါင်၊ မျက်နှာ၊ ရင်ဘတ်နဲ့ ကုတ်တို့မှာ မီးလောင်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂၄ စီး၊ ရေသယ်ာဉ် ၆ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ သန္ဓေ ၇၀၊ အရန် ၁၁၀ တို့နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
စတင်မီးလောင် ကျွမ်းခဲ့တဲ့ အိမ်ရှင် ဦးတိုးအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/ ၃၀၄(က) တို့နဲ့ အောင်ပင်လယ်ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။