Home
မြန်မာသတင်း
ပြည့်တန်ဆာလုပ်နေသည့် တရုတ်နိုင်ငံသူများ တောင်ဥက္ကလာတွင် ဖမ်းမိ
DVB
·
May 24, 2018
Pros arrested in ygn02-YeZarNi
ရန်ကုန်မှာ အလှပြင်ဆိုင်လုပ်ငန်း ဗန်းပြပြီး ရေချိုးခန်း၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသူတွေ ဖမ်းမိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မေ ၂၂ ရက်က တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်က Oriental Spa ဆိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ ၁၇ ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ ဟူပိန်ပြည်နယ်နေ တရုတ်နိုင်ငံသား Peng An Ting (၃၉) နှစ် (ပတ်စ်ပို့/ဗီဇာ-မရှိ)၊ တရုတ်နိုင်ငံသား ၂ ဦးနဲ့ ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး (ခ) အားဖျင် (၂၄) နှစ်ပါ စုစုပေါင်း ၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ Li Ting ပါ တရုတ်နိုင်ငံသူ ၁၇ ဦးကို တောင်ဥက္ကလာပမြို့မရဲစခန်းက ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၃(က)/(ခ)၊ ဆိုင်ရှင်(စုံစမ်းဆဲ)၊ Peng An Ting ပါ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မမိုးမိုး (ခ) အားဖျင်ပါ ၈ ဦးတို့ကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁) တို့နဲ့ အရေးယူထားတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013