မန္တလေးမြို့ မန်းမြန်မာပလာဇာဈေးတွင် မီးလောင်
DVB
·
May 22, 2018
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန်းမြန်မာပလာဇာဈေး ၂၅ ထပ်ရှိ ယာဉ်ရပ်နားရာ နေရာ ၄ လွှာမှာ မေ ၂၂ရက် မနက် ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပါတယ်။
ရုပ်ရှင်ရုံတည်ဆောက်ဖို့ အခန်းဖွဲ့ရာမှာ ဂဟေဆော်နေစဉ် မီးပွားကျခဲ့တာကြောင့် အသံလုံဖော့ကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် လျှပ်စစ်ဝါယာကြိုးတွေ၊ ပီဗွီစီရေပိုက်နဲ့ အသံလုံဖော့ပြားတွေ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၆၀၀၀၀ ဖိုးလောက်ရှိခဲ့တယ်လို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်က ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင်ကို ပေါ့ဆမီး ဥပဒေ ပုဒ်မ(၂၈၅)နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။