ဦးပိန်တံတားတွင် သံဃာအပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူ
DVB
·
May 6, 2018
မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတားနားမှာ ပထမဦးဆုံးအကြိမ် သံဃာအပါး ၁၀၀၀ တို့ကို အဖွဲ့အစည်းအသီးသီးက ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမရပူရမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မေလ ၅ ရက်နေ့ ညနေ ၃ နာရီမှာ တောင်သမန်အင်း ဦးပိန်တံတားမှာ ပြုလုပ်ကျင်းပခဲတာပါ။
အဲဒီအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒုတိယမြို့တော်ဝန် မြို့နယ်အုပ်ချုပ်ရေးမှူး မြို့မိမြို့ဖများက ပထမဦးဆုံးအကြိမ် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ဦးဆောင်ခဲ့ကြတာပါ။
အလှူရှင် ၁၈၀ ကျော်က လှူဖွယ်ပစ္စည်းမျိုးစုံကို သံဃာတော်ဆရာတော်ကြီးတွေကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ-အောင်အောင်