မိတ္ထီလာဆေးရုံ ဆရာဝန်ကား ခိုးသူကို ဖမ်းမိ
DVB
·
May 5, 2018
မိတ္ထီလာကလေးဆေးရုံ တာဝန်ကျ ဆရာဝန် ဒေါက်တာဆုဆုဝေရဲ့ကားကို ဆေးရုံရှေ့မှာ ရပ်ထားစဉ် ခိုးယူခံခဲ့ရတာကြောင့် ရဲစခန်းမှာ အမှုဖွင့်ပြီး ၃ နာရီခွဲအကြာ ကားနဲ့အတူ ကားခိုးသူကို ဖမ်းမိတယ်လို့ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က မေလ ၄ ရက်နေ့မှာ ပြောပါတယ်။
ဟွန်ဒါဖစ် အနက်ရောင်ကားငယ်အား ဘချစ် (ခ) မျိုးလွင်က ခိုးယူပြီး ဝန်ဇင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနားမှာ ဖွက်ထားတာဖြစ်ပြီး ကားခိုးသွားတဲ့ ဘချစ် မုန့်တိုက်တခုကိုအလာ စောင့်ပြီး ဖမ်းဆီးခဲ့တာလို့ မိတ္ထီလာခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။
"ဆရာဝန်ရဲ့ ပိုက်ဆံအိတ်ကို ခိုးရာက ပိုက်ဆံအိတ်ထဲမှာ ကားသော့ပါလာတော့ စီးလာတဲ့ FZ ဆိုင်ကယ်ထားခဲ့ပြီး ကားခိုးသွားတာပါ။ CCTV မှတ်တမ်းရယ်၊ ကျန်နေတဲ့ ဆိုင်ကယ် အဲဒါတွေနဲ့ ဆက်စပ်ပြီး စုံစမ်းခြေရာခံမိတာပေါ့" လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းမှာ ဘချစ် (ခ) မျိုးလွင်ကို ကားခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။