Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် လင်မယားချင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား
DVB
·
April 20, 2018
Murder at Kalay
ကလေးမြို့နယ်၊ ပေါက်ခုံရွာမှာ ဧပြီ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်က လင်မယားချင်း စကားများရာကနေ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဇနီးဖြစ်သူ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ကလေးမြို့မရဲစခန်းက တာဝန်ရှိရဲအရာရှိတဦးက ပြောပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ် ဘယ်ဘက်ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာပြင်းထန်ခဲ့ပြီး နှလုံးကို ထိုးဖောက်တဲ့အထိ ဖြစ်ခဲ့ကာ ညာဘက်နောက်ကျောမှာလည်း ထိုးသွင်းဒဏ်ရာရရှိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ "ဖြစ်စဉ်ကတော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကျနော့်ကို လာအသိပေးလို့ သွားကြည့်တော့ ကျနော့်သမီးဖြစ်သူက သေနေပြီ" လို့ သေဆုံးသူအမျိုးသမီးရဲ့ ဖခင်က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ပေါက်ခုံရွာနေ အောင်ထွန်းဦး ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးအရေးယူ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024