ဗိုလ်တထောင်စေတီတော်ရှိ ဆံတော်ကို ရွှေတိဂုံဘုရားသို့ ပင့်ဆောင်အပူဇော်ခံမည်
DVB
·
April 18, 2018
ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်က ဆံတော်ကို ဧပြီ ၁၈ ရက်မှာ ရွှေတိဂုံစေတီတော်ကို ပင့်ဆောင်အပူဇော်ခံမှာ ဖြစ်လို့ ဆံတော် ပင့်ဆောင်ရာလမ်းမှာ ယာဉ်တွေကို သတိထားမောင်းနှင်ကြဖို့ နှိုးဆော်ထားပါတယ်။
မနက် ၅ နာရီ မိနစ် ၄၀ အချိန်မှာ ကျိုက်ဒေးအပ် ဌာနပနာတိုက်ထဲက ဆံတော်ကို သံဃာတော် အပါး ၄၅၀၀ နဲ့ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနဲ့ ဗဟန်း ကြားတောရလမ်းအတိုင်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ကို ပင့်ဆောင်မှာပါ။
ပြီးတော့ ဧပြီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၄ မိနစ် အချိန်မှာ အဲဒီလမ်းကြောင်းအတိုင်း ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ဆီကို ပြန်လည်ပင့်ဆောင်မယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။