မြင်းခြံမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် (ဓာတ်ပုံ)
DVB
·
April 13, 2018
မြင်းခြံမြို့ ၂၀၁၈ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ မနက်ပိုင်းက မြိုင်ဟေဝန် ပန်းခြံရှေ့ရှိ ဗဟိုမဏ္ဍပ်မှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို မြို့နယ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး ယိမ်းအကအဖွဲ့တွေက သင်္ကြန်တေးသီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ကြတာလည်း ဖြစ်ပါတယ်။
၂၀၁၈ မဟာသင်္ကြန်ပွဲတော်ကို မြင်းခြံမြို့ပေါ်မှာ ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ် ၈ ခုရှိပြီး၊ အများပြည်သူတွေ ပျော်ရွင်စွာရေကစားစေနိုင်ဖို့အတွက် မဏ္ဍပ်တိုင်းမှာ လုံခြုံရေးအပြည့်ချထားပြီး မြို့ဝင် မြို့ထွက် ဂိတ်တွေမှာ မော်တော်ဆိုင်ကယ်တွေ၊ တုတ်ဓား လက်နက် စတာတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)