တရားမဝင် သွယ်ထားသည့် ဖိုင်ဘာကေဘယ်များ ဖြုတ်သိမ်းရန် သတိပေး
DVB
·
April 11, 2018
ရန်ကုန်မြို့မှာ တရားမဝင် သွယ်တန်းထားတဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေကို တလအတွင်း ဖြုတ်သိမ်းဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေး ကြေညာလိုက်ပါတယ်။
ကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်တွေပေါ်မှာ ဌာနရဲ့ ခွင့်ပြုချက်မရှိတဲ့ ကုမ္ပဏီတွေနဲ့ ဌာန တချို့က တရားမဝင် ဖိုင်ဘာကေဘယ်တွေ သွယ်တန်းထားတာကို စစ်ဆေးတွေ့ရှိရတဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ ကြေညာသည့်နေ့ကစပြီး တလအတွင်း ဖြုတ်သိမ်းဖို့ နှိုးဆော်ထား ပါတယ်။
သက်မှတ်ကာလထက် ကျော်တဲ့အထိ ဖြုတ်သိမ်းခြင်းမပြုပါက ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းရဲ့ အစီအစဉ်နဲ့ ဖြုတ်သိမ်း ရှင်းလင်းသွားမယ်လို့လည်း အသိပေးထားပါတယ်။