Home
မြန်မာသတင်း
မြန်မာအလုပ်သမား ၁၄ ဦး လိုက်ပါလာသည့် ဗန်ကား မီးလောင်၊ ထိခိုက်ဒဏ်ရာရသူမရှိ
DVB
·
April 10, 2018
A passenger van packed with 14 Myanmar workers
သင်္ကြန်ပွဲတော်ဆင်နွှဲဖို့ အိမ်ပြန်တဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို သယ်ဆောင်လာတဲ့ ဗန်ကားတစီး ဧပြီ ၉ ရက်မနက်က ကားတာယာကျွတ်သွားပြီး မီးလောင်မှုဖြစ်ခဲ့ပေမယ့် ခရီးသည်အားလုံး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဝန်ချာအိုခရိုင် ဝန်ချာအို-တာ့ခ် အဝေးပြေးလမ်းမကြီးပေါ်မှာ ကားသမားက ဗန်ကားကို မကွေ့ခင် ရှေ့ညာဘက်တာယာ ပေါက်ကွဲထွက်သံကို ကြားလိုက်မိလို့ လမ်းမကြီးရဲ့ ဘေးဘက်မှာ ကားကို ရပ်တန့်ကာ ဆီတိုင်ကီ ပေါက်တယ်လို့လည်း သံသယရှိလို့ ခရီးသည်တွေ အားလုံးကို ကားပေါ်က မြန်မြန်ဆင်းဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် မိနှစ် ၂၀ အကြာမှာ  ဗန်ကား မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကားဟာ ဘန်ကောက်မြို့မှာရှိတဲ့ ကုန်တိုက်တခုမှာ အလုပ်လုပ်နေတဲ့  မြန်မာအလုပ်သမားတွေကို မဲဆောက်နယ်စပ်ဘက်ကို သယ်ဆောင်လာတာဖြစ်ပြီး အလုပ်သမားတွေဟာ မဲဆောက်နေတဆင့် မြန်မာနိုင်ငံဘက်ကို  ပြန်ကြမှာလို့ သိရပါတယ်။ ဗန်ကားမောင်းသမားဟာ  ခရီးသည်တွေနဲ့ လိုအပ်တာထက် ဝန်ပိုတင်ဆောင်ခဲ့သလို ခွင့်ပြုချက်မပါဘဲ ပုံမှန်လမ်းကနေ ရှောင်မောင်းလာတယ်တာဖြစ်လို့ တရားဥပဒေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့  ဝန်ချာအိုရဲက ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေကတော့ ကားသမားရဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ကားရဲ့ မှတ်ပုံတင်နံပါတ်ပြားကို သိမ်းဆည်းထားလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ Photo : bangkokpost
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024