မြောင်းမြတွင် မော်တော်ယာဉ်ငယ်များကို ဇက်ရေယာဉ်ငယ်များဖြင့်ပို့ဆောင်ပေးနေ
သော်ဇင်မျိုး
·
April 5, 2018
မြောင်းမြမြို့မှာ မြစ်ကူးတံတားကြီး ကျိုးကျသွားတာကြောင့် တဖက်ကမ်းကို မကူးနိုင်ဘဲ ပိတ်မိနေတဲ့ မော်တော်ယာဉ်ငယ်တွေကို စေတနာ့ဝန်ထမ်း အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဇက်ရေယာဉ်အသေးစားတွေနဲ့ မနေ့ကစတင်ပို့ ဆောင်ပေးနေပါတယ်။
ဧပြီလ ၄ ရက်ညနေ ၆ နာရီအထိ ကားအစီးရေ ၂၀ ပို့ဆောင်ပေးထားပြီး ပို့နိုင်သလောက် ဆက်လက်ပို့ဆောင်ပေးနေတယ်လို့ စေတနာ့ဝန်ထမ်းအဖွဲ့ဝင် ဦးဝင်းမြင့်ကပြောပါတယ်။ ဆိုင်ကယ်တွေနဲ့ လူတွေကိုတော့ ဧပြီ ၂ ရက်နေ့ကတည်းက အခမဲ့ပို့ဆောင်ပေးနေတာပါ။
အစိုးရကစီစဉ်တဲ့ ဇက်ရေယာဉ်အကြီးစားတွေကတော့ ရောက်ရှိနေပြီဖြစ်ပေမယ့် တင်ချလို့ရမယ့်ဇက်ဆိပ်က မပြီးသေးလို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိသေးပါဘူး။