Home
မြန်မာသတင်း
ညောင်ပင်သာမြို့၌ လူ ၂ ဦး မိုးကြိုးထိမှန်သေဆုံး
DVB
·
April 4, 2018
29597252_1527027710753624_2455127412569446508_n
  ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့မှာ ဧပြီလ ၃ ရက်နေ့ တရက်တည်းမှာ မိုးကြိုးပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ညောင်ပင်သာမြို့ ရွာမ ၆ လမ်းမှာနေထိုင်တဲ့ ဦးအောင်ဌေးဟာ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်တဲ့ အုတ်ကွင်းအတွင်းမှာ ညနေ ၄ နာရီလောက်က မိုးကြိုးအပစ်ခံခဲ့ရကာ သေဆုံးပြီး နောက်တစ်နာရီလောက်အကြာမှာ ညောင်ပင်သာမြို့ကနေ ဂုံမင်းကွင်းရွာသို့ ဆိုင်ကယ်နဲ့ ပြန်လာသူ မခိုင်ဇာဝင်းလည်း မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲစခန်းတာဝန်ရှိသူတစ်ဦးက "တစ်ယောက်က ညောင်ပင်သာ ၆ လမ်းထဲက သူက အုတ်ဖုတ်တဲ့ အုတ်ကွင်းမှာ အပြစ်ခံရတာ မိုးရွာတော့ ဖုတ်လက်စအုပ်တွေ ရေစိုမှာစိုးလို့ ပလပ်စတစ်တွေနဲ့ အုပ်ရင်း အပစ်ခံရတာ။ နောက်တစ်ယောက်ကတော့ အမျိုးသမီးပါ။ သူကတော့ ညောင်ပင်သာကနေ ဂုံမင်းကွင်းကို ဆိုင်ကယ်နဲ့သွားတာ ရွာအဝင်နားမှ အပစ်ခံရတာ။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ညောင်ပင်သာဆေးရုံကို ပို့ထားပါတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ လူသေဆုံးမှုနဲ့ပတ်သက်ပြီး ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းက သေမှုသေခင်ဖွင့်ပြီး ဆေးပညာအရ စစ်ဆေးဖို့ ညောင်ပင်သာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024