Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် မန်ကျည်းပင်ငုတ်တူးရာမှ စစ်ကျန်ဗုံးသီးဟောင်း ၁၃ လုံးတွေ့
DVB
·
April 4, 2018
29791176_2644270712378596_6159400091730034758_n
29790341_2644270692378598_3908118192899806569_n
29597505_2644270752378592_895858957565972310_n
29595291_2644270732378594_4083773351449578999_n
  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲရွာနေ ဦးခင်မောင်ဝင်းရဲ့နေအိမ် အနောက်ဘက်ရှိ မန်ကျည်းပင်ငုတ်ကို တူးထုတ်ရာက စစ်ကျန်ဗုံးသီးဟောင်း ၁၃ လုံးကို မနေ့ မွန်းလွဲပိုင်းက တွေ့ရှိခဲ့တယ်လို့  မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “မန်ကျည်းငုတ်တူးလိုက်မှ အမြစ်တွေကြားမှာ ‎တွေ့တာပါ။ စစ်တုန်းက ကျန်နေတဲ့ သံချေးတက်နေတဲ့ ဗုံးသီးတွေပါပဲ။” လို့ ပြောပါတယ်။ အလျား ၁၆ လက်မ လုံးပတ် ၁ ပေ ရှိတဲ့ ဗုံးသီးဟောင်း ၇ လုံး။ အလျား ၁ပေ လုံးပတ် ၁၀ လက်မခွဲရှိတဲ့ ဗုံးသီးဟောင်း ၃ လုံး၊ အလျားနဲ့လုံးပတ် ၅ လက်မရှိတဲ့ ဗုံးသီဟောင်း ၃ လုံး၊ ပေါင်း စစ်ကျန်ဗုံးသီး ၁၃ လုံးကို သက်ဆိုင်ရာ တပ်နယ်ဘက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ သတင်းမောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024