Home
အနုပညာ
ရုပ်ရှင်အစည်းအရုံးဝက်ဆိုဒ် ပထမဆုံးအကြိမ် လွှင့်တင်
DVB
·
March 22, 2018
Untitled-1
  ပြည်သူတွေအနေနဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်းအမှန်တွေရရှိစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက  ဝက်ဆိုဒ်တခုကို ပထမဆုံးအကြိမ် လွှင့်တင်လိုက်ပါတယ်။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်းအချက်တွေကို အင်တာနက်ကနေ ရှာဖွေနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ Assembler  Automation နည်းပညာကုမ္ပဏီတို့ ပူးပေါင်းပြီး ဝက်ဆိုဒ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာရုပ်ရှင်အစည်းအရုံးရဲ့အင်တာနက်စာမျက်မှာ https://myanmarmpo.org ဝက်ဆိုဒ်မှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သတင်း၊ ဆောင်းပါး၊ အချက်အလက်တွေကို ရှာဖွေ တွေ့ရှိမှာ ဖြစ်တယ်လို့  Assembler Automation ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်စိုးမိုးကပြောပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ လုပ်ဆောင်မှုတွေမှာမမှန်ကန်တဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ပြည်သူလူထုကို မှန်ကန်တဲ့သတင်းတွေ သိရှိစေဖို့ ဝက်ဆိုဒ်လွှင့်တင်တာလို့ လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ဆိုပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်တဲ့ ပွဲအခမ်းအနားတွေ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အစည်းအရုံး ဥက္ကဋ္ဌ စကားသံတွေကို  ဝက်ဆိုဒ်မှာ လွှင့်တင်ထားမယ်လို့ သိရတယ်။ သတင်း - ဟေမာဝင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013